Monday, May 7, 2012

ပထမ

ပထမတော့ ကျွန်မ post title ကို ဘယ်လိုပေးရမလဲ စဉ်းစားနေမိသေးတယ်...နောက်တော့ ရိုးရိုးလေးဘဲ ပထမလို့ ပေးမယ်လို့ တွေးလိုက်တယ်... ဒီနေ့ အခုဘဲ ဒီ blog လေးကို ဖန်တီးပြီး ဦးဆုံးရေးဖြစ်လိုက်တဲ့ စာလေးမို့လို့ပါ...
ကျွန်မ ဘာတွေမျှဝေသွားမှာလဲ....
အရင်ဆုံးကတော့ ကျွန်မရဲ့ ခံစားချက်တွေ... ရင်ဖွင့်ချင်တဲ့ အကြောင်းအရာတွေ...
ပြီးတော့ လေ့လာမှတ်သားထားမိတာတွေ....
ကျွန်မရဲ့ ပတ်ဝန်းကျင်က ဗဟုသုတရဖွယ်..စိတ်ဝင်စားဖွယ်တွေပေါ့...
တစ်ခါတစ်လေလည်း ရယ်စရာလေးတွေ ပါကောင်းပါမှာပေါ့ရှင်....
ထုံးစံအတိုင်း စည်းထဲဘောင်ထဲ သိပ်မနေတတ် format မကျတဲ့ ကျွန်မရဲ့ စာမျက်နှာဟာ ကျွန်မရဲ့ ဟိုရောက်ဒီရောက် အတွေးတွေနဲ့ ဟိုမရောက်ဒီမရောက် ခံစားချက်တွေကို ပုံဖော်ပေးနေမှာ သေချာပါရဲ့ရှင်...
ဘာဘဲဖြစ်ဖြစ် ကျွန်မရဲ့ ခံစားချက်တွေကို စိတ်ဝင်စားကြတဲ့ ကျွန်မရဲ့ တစ်နေ့တာ ကွန်းခိုရာလေးကို ခဏလာလည်ကြတဲ့ သူတွေကိုတော့ အရမ်းပဲကျေးဇူးတင်နေမှာပါ........

No comments:

Post a Comment