Sunday, January 19, 2014

နာဂိုယာဒိုင်ယာရီ ၂

သူတို့ပြောတဲ့ ရှင်းနန်းကိုင်းသွားတယ်...သိပ်နောက်ကျတဲ့ ရှင်းနန်းကိုင်းဘဲကွယ်... ဇန်န၀ါရီလတောင်ကုန်တော့မှာကိုး... အီကဲဘန အဖွဲ့အစည်းရဲ့ ရှင်းနန်းကိုင်းဆိုတော့ ပန်းအကြောင်းတွေပြောတယ်... ဂျပန်လိုတွေပြောတယ်.... တစ်နာရီလောက်ကြာတယ်.... အီတလီက ပြခန်းတစ်ခုရဲ့ ပန်းချီကားတွေထဲမှာ ပါတဲ့ ပန်းတွေ..... ဗီနပ်စ် လည်းပါတယ်... ကျုးပစ်ဒ်လည်းပါတယ်.... နားလည်လိုက် နားမလည်လိုက်.... နားမလည်တာတွေဖြစ်ညှစ်နားထောင်လို့ထင်တယ်.... ခေါင်းတွေကိုက်လာတယ်.... အခန်းထဲက လူတွေကိုလိုက်ကြည့်တယ်.... တစ်ချို့အိပ်ငိုက်နေကြတယ်.... အိပ်ငိုက်တဲ့လူတွေကိုကြည့်ပြီး အိပ်ငိုက်နည်းနည်းပြေသွားတယ်.... နောက်တော့ ကမ်းပိုက်လုပ်တယ်.... ၀ိုင်အဖြူ.... ယဉ်ကျေးမှုအရ တစ်ငုံလေးသောက် ကမ်းပိုက်တာတောင် ခဏနေတော့ ခေါင်းကကိုက်တယ်.... ဟင်းတွေက သိပ်လှတာဘဲ...ဟုတ်တယ် သိပ်လှတာဘဲလို့ဘဲပြောရမယ်.... အရသာမှမရှိတာ..ကိုယ်တော့ အဲလိုထင်တာဘဲ... အားလုံးကလှတယ်... အားလုံးကို ကုန်အောင်စားတယ်.... ကုန်အောင်မစားရင် သိပ်ရိုင်းတယ်ဆိုလို့ အားလုံးကုန်အောင်စားတယ်.... အခုတော့ အကျင့်ဖြစ်သွားပြီ.... နောက်တော့ ထုံးစံအတိုင်း ဓာတ်ပုံတွေရိုက်... လေတွေပေါ.. ဘေးနားက ကီမိုနိုဝတ်အမျိုးသမီးက မြန်မာပြည်လာရင် ဘယ်သွားရမလဲတဲ့... စိတ်ဝင်စားစရာနေရာရှိလားတဲ့.... မေးမှမေးရက်ကွယ်.... ရွှေတိဂုံ.... ပုဂံ... ဓာတ်ပုံတွေရှာပြီး ပြလိုက်တယ်.... သူက ခဏလေး ခဏလေးဆိုပြီး အိပ်ထဲက စာအုပ်လေးထုတ် နာမည်တွေမှတ်တယ်.... နောက်တော့ မဲတွေဖောက်နေတယ်.... ထင်တဲ့ အတိုင်းမပေါက်ဘူး...ဟဟ.... ကိုယ့်ရှေ့က နံပါတ်... ကိုယ့်နောက်က နံပါတ်.. အကုန်ပေါက်တယ်... အို..ဒါမျိုးတွေက ဖြစ်နေကျ...သူငယ်ချင်းက မဲပေါက်တာ... မြင်းရုပ်လေးဆွဲထားတဲ့ ပန်းချီကားလေး ဒီနှစ်က မြင်းနှစ်တဲ့... ဂျပန်လိုတော့ မြင်းကို ဥမတဲ့... သူတို့မှာ ဥမခု ဆိုတဲ့စကားလည်းရှိတယ်.... တစ်ခုခုကို ဥမခုလုပ်နိုင်တယ်ဆိုရင် ကောင်းကောင်းလုပ်နိုင်တယ်လို့ပြောတာ.... ဟင်းတွေဘာတွေချက်ကျွေးလို့ ဥမအိ ဥမအိ ဆိုလည်း သိပ်အရသာရှိတယ်ပေါ့.... အဲဒီ အသံထွက်နဲ့တူတဲ့.. ဥမ ....မြင်းနှစ်...ဒီနှစ်က ကောင်းတယ်တဲ့.... ပြန်လာတော့ အေးလိုက်တာ.... အေးပြီဆိုရင်လေက စွတ်တိုက်.... သိပ်စိတ်တိုတာဘဲ... လက်အိတ်က မေ့ခဲ့လို့ ကုတ်အကျီအိတ်ထဲ လက်နှိုက်ထားပါတယ် ဆိုမှ.... လေတိုက်ပြီး ကုတ်အကျီင်္က လန်လန်တက်နေလို့ လက်ကို ထုတ်ပြီး ဆွဲချနေရတယ်.... တိုက်နေတဲ့ လေ.... ပွနေတဲ့ ဆံပင်... စိတ်ကတိုလာတယ်.... တူတူအိမ်ပြန်မယ်ဆိုပြီး ဘဲနဲ့ ပါသွားတဲ့ သူငယ်ချင်းကိုလည်းစိတ်တိုချင်တယ်.... ညနေတွေ့မယ် မုန့်သွားစားမယ် ဆိုပြီး တစ်ခြားသူငယ်ချင်းတွေနဲ့ ထွက်သွားလိုက်တဲ့ သူကိုလည်း စိတ်ကတော်တော်ကိုတိုတယ်..... အွန်လိုင်းတွေ့ရင် ဟိုင်းလောက်က လွဲပြီး ပြောစရာ မရှိတော့တဲ့ လူတစ်ယောက်ကို လည်း မတော်တဆ တစ်ခါတစ်လေတောင် သတိမရချင်တော့ဘူး... အဲဒါကတော့ စိတ်တိုတာထက်ပိုတဲ့ စိတ်ကုန်ခြင်း...... အိမ်ပြန်လာ အိပ်နေပြီး မနက်ဖြန်အတွက်စာ မပြီးတဲ့ ကိုယ့်ကိုယ်ကိုလည်းစိတ်တိုတယ်... အခုလည်းစာမလုပ်ဘဲ ဖဘ တက်စာရေးနေလို့ ပိုပိုပြီး စိတ်တိုတယ်.....

Thursday, January 16, 2014

coconut ramen



တော်တော်ကြီးဖုန်တက်နေတဲ့ စာမျက်နှာလေးကို အလည်ပြန်လာမိတယ် အမျိုးမျိုးသောအကြောင်းတွေကြောင့်ပေါ့ အကြာကြီးပစ်ထားမိတယ်.
ရင်ထဲမှာပြောချင်တာတွေများပေမယ့် ဘယ်ကစ‌ပြောရမှန်းသိဘူးဖြစ်နေတယ်..
ကဲ ဒီနေ့ချက်တဲ့ အုန်းနို့ခေါက်ဆွဲအကြောင်းပြောပြမယ်……
အုန်းနို့ခေါက်ဆွဲချက်ပြီးကျောင်းကိုယူလာတယ်..
(ကျွန်မ ဂျပန်က ကျောင်းတစ်ကျောင်းမှာ ကျောင်းတက်နေတယ်.)
ကျွန်မနေ့တိုင်းလာရတဲ့ သုတေသနခန်းထဲက ကောင်လေးတစ်ယောက်က‌အရင်အပတ်က‌ပြောတယ်. နင်တို့နိုင်ငံမှာ coconut noodle ကိုမနက်စာစားတယ်ဆို တဲ့ သူ့ monitor screen ကိုကြည့်ရင်းပြောတယ် သူအင်တာနက်မှာကြည့်နေရင်း လှမ်း‌ပြောတာ.
Coconut ramen ဘယ်လိုများပါလိမ့်နော်တဲ့ ရာမန် ဆိုတာ ခေါက်ဆွဲကို ဂျပန်လိုခေါ်တာပါ အဲဒါနဲ့ ငါချက်ယူလာမယ် တစ်ခေါက်လောက်စားကြည့်ကြပါလား ဆိုပြီး ဒီနေ့တော့ ကြိုးစားပြီးချက်လာခဲ့တယ်……. နိုင်ငံခြားမှာကျောင်းတက်ရတာ ဟင်းတော်တော်ချက်စားဖြစ်လို့ဖြစ်မယ်. လက်ရာတွေကတော့ အတော်ကိုတိုးတက်လာတယ် ကိုယ့်ဘာသာတော့ ဒီလိုထင်တာပါဘဲ.
Lab က ကလေးများတော့ စားပြီး အရသာရှိတယ် တော်တော်များများကတော့ အိုအိရှိ (oishii) တဲ့ ….
အုမအိ (umai) လို့တော့ မ‌ပြောကြ.အုမအိဆိုတာ သူတို့ဗန်းစကားလို ဖြစ်မယ် အရမ်းကောင်းတယ်ဆိုတာမျိုးကြရင်‌ပြောသလိုပါဘဲ.. 
တစ်ယောက်ကတော့ သူတို့တွေက coconut ကိုစားလေ့မရှိတော့ နင်က coconut ‌ပြောလို့သာတဲ့ ဘယ်အရသာက coconut ရဲ့ အရသာဆိုတာ သိပ်နားမလည်ဘူးတဲ့. ကြက်သားနဲ့ ကြက်ဥတွေနဲ့ ဆိုတော့ ကြက်သားရာမန်လို့တောင် ခေါ်ချင်သေးတယ်တဲ့ ဟဟ 
ဘာဘဲဖြစ်ဖြစ် ချက်ကျွေးမယ်လို့စိတ်ကူးထားတာ တကယ်လည်းချက်ဖြစ်သွားတော့ ကောင်းပါတယ်. ကျွန်မလည်းမနက်က တစ်ပွဲ ခုနက လက်ကျန်ရှင်းတာလေးနဲ့ သွေးလေးပြီး အခုတော့ အိပ်ငိုက်နေသည်..